Sunday 31 July 2011

ဒီမိုကရက်တစ်ခေတ်

ဗြိတိသျှအမတ်လိမ္မာတို့က အိန္ဒိယအကျိုးဖြစ်ထွန်းရန်အတွက်ယခုအချက်မှာ ရိုးဖြောင့်စါာ ဆောင်ရွက်သင့်ကြောင်းကိုလည်း ဆိုလေသည်။

ဗြိတိသျှအစိုးရတို့သည် ဗြိတိသျှတို့၏ အကျိုးကိုသာ စောင့်စားကြည့်ရှူသည့်အတွက် ယခုကဲ့သို့ ဖြစ်ရှိနေသည်ဟု သိရှိနိုင်ကြောင်းကိုလည်း ဆိုလေသည် ဤမာဒရပ်နယ်က မင်းတိုင်ပင်အမတ် မစ္စတာအာယား၏စကားနှင့်မကျေနပ်နိုင်သေးလျှင်၊ ဘုံဘိုင်နယ်အမတ်၏စကားကိုလည်းနားထောင်ကြဘိလော။

ထိုအမတ်သည် ဘုံဘိုင်နယ်ကောင်စီအဖွဲ့မှ ဟုမ်းမင်းသားခေါ်ပြည်တွင်းရေးဆိုင်ရာ ဗြူရိုက၇က်အမတ်ကြီး၏ အချစ်တော်အမတ် ဖြစ်ပေသည်။

ထိုအမတ်ကလွန်ခဲ့သောရက်ပေါင်း များမကြာမီက ဒိုင်အာခီကိုပြစ်ဆိုခြင်းများဖြင့်လည်း ပြည်သူတို့က သတိအထူးထား၍ စဉ်းစားလိုက်ကြပေသည်။ 

ဒီမိုကရက်တစ်ပါတီ ခေါ် ဒီမိုကရက်စတ်ခေတ်အလိုက်အများသဘောကိုငဲ့ညှာ၍ ဆောင်ရွက်ရန် အဓိဌာန်ထားသော မင်းတိုင်ပင်အမတ် အသင်းခေါင်းဆောင်ဥက္ကဌဖြစ်သူ ဒေါက်တိုဂေါ်ဝါ ကလည်း ထိုသို့ပင်ဆိုလေသည်။

အလိုတောရိအစိုးရဘက်က ထာဝရနေ၍ ရေးသားသော (အလဟာသတ်) သတင်းစာခေါင်းကြီးပိုင်းက ဤသို့ရေးသားလျက်ပါရှိသည်။

“ပြုပြင်အုပ်ချုပ်ရေးစနစ်သည် အင်္ဂလန်ပြည်၌၊ ဒိုင်ဟတ် ခေါ်အာဏာတန်ခိုးလိုလားသော ပါလီမန်လူကြီး၏ လက်တွင်း၌၎င်း၊ အိန္ဒိယပြည်တွင် (ရီအက်ရှင်နာရီ) ခေါ်ပြည်သူ့အကျိုးကို ပျက်စီးနှောင့်နှေးအောင် လုပ်လိုဟူတို့၏ လက်တွင်း၌၎င်း ပျက်စီးကြေမွပြီးဖြစ်ရပြီး”
ထိုသို့အပြင် ၎င်းသတင်းစာက တိုင်းရင်းသားအားလုံးတို့ စုပေါင်းသင်ဖွဲ့ပြီးလျှင် တကျိတ်၊ တဥာဏ်၊ တသံတည်း ညီညာ၍ တိုင်းပြည်အကျိုးကို ပျက်စီးနှောင့်နှေးအောင် လုပ်သူတို့ အကြံသည် တဖြည်းဖြည်းအင်အားကြီးလာ၍ ထိုအကြံကို ခုခံတိုက်ဖျက်လိမ့်မည် မချွတ်ဖြစ်ကြောင်းနှင့် ရေးသားဖူးလေပြီ။ 

သို့ဖြစ်၍ မစ္စတာအိုင်းယား၏ နှိုးဆော်ချက်ကို အလေးဂရုမပြုဘဲနေဖို့ရာမသင့်ပေ။

စောင့်ဆိုင်းမျှော်လင့်သော်လည်း

လော့ရီဒင်း၊ အိန္ဒိယဘုရင်ခံချုပ်ကြီးသည် အိန္ဒိယပြည်သို့ ဆိုက်ရောက်စက ပြည်သူတို့ မျှော်လင့်အားကိုးရှိစေရအောင် များစွာပင် ဖွင့်မြွက်ပြောဆိုသော်လည်း ယခုတိုင်တစုံတရာကို ပြောဆိုဖူးသော စကားအတိုင်းမတည်သေးခြင်းကြောင့် ပြည်သူတို့က အားကိုးရာမရောက်သဖြင့် ပြည်သူတို့အပေါ်သြဇာတန်းခိုးယုတ်လျော့ လျက်လာခဲ့ပြီ။

အိန္ဒိယပြည်၌ ယခုအခါ ခဏခေတ္တမျှ ငြိမ်ဆိတ်လျှက် ရှိနေခြင်းကြောင့် ဖိနှိပ်ခြင်း၊ သင်းခွဲခြင်းတို့ကြောင့် ထိုပြည်ကြီး၌ နန်းကိုအော်ပရေးရှင်းကြည်ရှောင်ခြင်း၊ သင်းခွဲခြင်းတို့ကြောင့် ထိုပြည်ကြီး၌ နန်းကိုအော်ပရေးရှင်း ကြည်ရှောင်ခြင်းအလုပ်၏ မူလအခြေဖြစ်သော ဆူပူနိုးကြားခြင်းတို့သည် ယခုအခါ ပပျောက်ပြီး အေးပြီးဟု မဆိုနိုင်သေးချေ။

လော့ရိဒင်က ထိုသို့ပြည်သူများအား ချမ်းသာကျေအေးအောင် ဘယ်ကဲ့သို့လုပ်မည်ဟု စည်းကမ်းစနစ် ရှိပါသေး၏လောဟု အိန္ဒိယပြည်သားအပေါင်းတို့က စောင့်ဆိုင်းငံ့လင့်လျှက် ရှိနေကြသေးသည်။

ယခုကဲ့သို့ စောင့်ဆိုင်းမျော်လင့်လျက် ရှိနေကြခြင်းမှာ အိန္ဒိယတောင်ပိုင်း အနောက်ပိုင်းမျှသာမဟုတ် တပြည်လုံး၌ပင်ဖြစ်သည်။

မစ္စတာဂွိုက်မည်သော ဆာဒူရန်နတ်ဘင်နာဂျီပိုင်သော ဘင်ဂေါ်လီ ခေါ်သတင်းစာတွင် ဖေဖေါ်ဝါရီလက ရေးသားဖူးသည်မှာ အိန္ဒိယပြည်သည် လမ်းခွဲလမ်းဆုံးသို့ ရောက်ရှိနေပြီးဟူသော စာခေါင်းတပ်လျက် ဖော်ပြရေးသားသည်မှာ ဒိုင်အာခီပြုပြင်အုပ်ချုပ်ရေးနည်းစနစ်သည် ပြည်သူတို့ ကိုယ်ပိုင်အုပ်ချုပ်ရေးရနိုင်သော နည်းလမ်းဖြစ်အောင် စီမံခြင်းနည်းလမ်းသို့ ရောက်သောအခြေခံမဟုတ် ထိုထက်အလွန်ယုတ်နိမ့်လေခြင်းကြောင်း အများက ဗလဝအပြစ်ဆို၍ ပယ်ခွါရှောင်ရှားကြကြောင်းဟူ၍ ဆို၏။

ထိုသို့ဆိုသောပုဂ္ဂိုလ်၏ ဘင်ဂေါ်လီ ခေါ် သတင်းစာသည် အစဉ်မပြတ် အစိုးရဘက်ကပင်နေ၍ ရေးနေသော သတင်းစာပင်ဖြစ်သည့်အပြင် ပြည်သူတို့သည် အစိုးရနှင့် ပူးပေါင်းကြံစည်ခြင်းမှ လွတ်ငြိမ်းခြင်းရနိုင်မည်ဟု အမြဲထင်မြင်ယူဆ သဘောရသော သတင်းစာပင်တည်း။

အသေဖွားသောသား

ဒိုင်အာခီကောင်စီသို့ ဝင်လိုကြသော မိတ်ဆွေတို့သည် မစ္စတာရေးက နောက်ထပ်ပြောဆိုသောစကားကို သတိထား၍ စဉ်းစားထိုက်ကြသည်။

ထိုပုဂ္ဂိုလ်ပြောသောစကားမှာ ကောင်စီတွင် အမတ်တို့က ပြည်သူ့အကျိုးကို စီမံကြသောအခါ ဘုရင်ခံ၏  “ဗီတို” ခေါ် အာဏာနှင့် “ဆာတီဖိုင်း” ခေါ်အဏာတည်းဟူသော အတည်ဖြစ်စေ၊ ပျက်စေ တချက်လွတ်အမန့်လက်နက်တေဇများဖြင့် များစွာဖိနှိပ်ဖျက်ဆီးခြင်း ခံခဲ့ရလေသည်။

မွန်ဖို့စကင်း ခေါ်မွန်တေဂူနှင့် လော့ချင်စဖို့တို့ ဒိုင်အာခီအုပ်ချုပ်ရေးနည်းစနစ်တို့သည် အင်္ဂလန်ပါလီမန်က ပြုပြင်ဆင်ယင်၍ ပေးလိုက်သောအခါ ကပင် အသေဖွားသောသားကဲ့သို့ အသက်ပါလာခဲ့သည် နာမည်မရှိသော ရုပ်အလောင်းကဲ့သို့ပင် ရှိဘိ၏။

ပုလိပ်ဌာန၊ အစိုးရ ရာထူးခန့်ထားရေးဌာန၊ တရားစီရင်ရေးဌာနတို့ကို အစိုးရလက်ရှိထား၍ (ရီဇဗ်ပတ်ဂျက်) သီးသန်ခွဲခြားထားသော ဌာနများ၌ ပါဝင်စေသမျှ ကာလပတ်လုံး ပြည်သူတို့အား တာဝန်ခွဲပေးစီမံစေခြင်း သည် အထမမြောက် မအောင်မြင်နိုင် တာဝန်လွဲပေးရာမကျ၍ ပြည်သူတို့၏ လွန်လပ်ချမ်းသာရေး မတိုးတတ်နိုင်ဘဲ ရှိနေလိမ့်မည်။ 

ဤသို့ ဆိုယင်းစကားရ ချင့ချိန်တွေးဆသော် ဒိုင်အာခီကောင်စီသို့ ဝင်ရောက်ဆောင်ရွက်ခြင်း၌အဘယ်အကျိုးကို ရရှိနိုင်ပေအံ့နည်း။

မစ္စတာရေးက ဝံသာနုအမျိုးသားတို့သည် ကောင်စီကို မဝင်ရောက်ကြခြင်းအတွက် ဝမ်းနည်းလှကြောင်း ဆိုပေသည်။ 
သို့သော်လည်း ဘုရင်ခံလက်၌ ဗီတိုနှင့်ဆောတီဖိုင်းပါဝါ ခေါ် တည်စေ။

ပျက်စေဟူသော အာဏာကြီး ရှိနေသ၍မူကား ဝံသာနုအမတ်များက အဘယ်သို့ စွမ်းဆောင်နိုင်ပါအံ့နည်း။

မစ္စတာရေးက အစိုးရကိုသတိပေးသည်မှာ ပြည်သူတို့အားတာဝန်ခံအုပ်ချုပ်ရေး တိုးတက်ပေးရန် အချိန်သင့်လှပြီး။ 

ထိုသို့ တိုးတက်ပေးပါက အိန္ဒိယနှင့် အင်္ဂလန်ပြည်သည် ရှေ့သို့ဆက်လက် နှစ်သက်ခစ်ခင်စွာ တာရှည် အမြဲပေါင်းသင်း ဆက်ဆံနိုင်ကြပေလိမ့်မည်ဟု ဆိုပေသည်။